• +95 9 780219197, +95 9 420051010

School

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ 自修学館 Japanese Language School တွင် ပညာလေ့လာဆည်းပူးခဲ့ပြီး စာသင်သော အတွေ့အကြုံ ၁၅ နှစ် အတွေ့အကြုံရှိသော ဆရာမမှ ၂၀၁၅ နှစ်တွင် ASA Japanese Language School ကို စတင် တည်ထောင်ခဲ့ပါသည်။ ပညာရေး အခွင့်အလမ်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများဖြင့် လက်ကမ်းကြိုဆိုနေသော ဂျပန်နိုင်ငံသို့ သွားရောက်နိုင်ရန် ASA Japanese Language School မှတဆင့် ပညာနှင့် အခွင့်အလမ်းကောင်းများကို ဖြန့်ဝေနိုင်ရန်ဟူသော စိတ်ကူးရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။

a6dba-about_asa.jpg

Purpose

မြန်မာနိုင်ငံရှိ ဂျပန်စာကို စိတ်ဝင်စား၍သော်လည်းကောင်း၊ အလုပ်အကိုင် လိုအပ်ချက်များကြောင့်သော်လည်းကောင်း ဂျပန်စာကို တတ်မြောက်ချင်သူများအတွက် ဆရာ/ဆရာမများမှ ကောင်းမွန်သော သင်ကြားပြသမှုများဖြင့် စောင့်ကြိုနေပါသည်။

ဂျပန်နိုင်ငံတွင် ပညာတော်သင်သွားရောက်ချင်သော ကျောင်းသား/ကျောင်းသူများ အတွက်လည်း ဂျပန်နိုင်ငံ၏ အမျိုးမျိုးသော မြို့များတွင် တည်ရှိသော ဂျပန်စာကျောင်းများဖြင့် ချိတ်ဆက်ပေးနေပါသည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ ကောလိပ် (သို့) တက္ကသိုလ်များကို တိုက်ရိုက်တက်ရောက်ချင်သော ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း အထူးကောင်းမွန်သော အခွင့်အလမ်းများဖြင့် ဆွေးနွေးတိုင်ပင်၍ ကျောင်းလျှောက်ရန် ပြင်ဆင်မှုများကို တိကျသေချာစွာ ဆောင်ရွက်ပေးပါသည်။

ကောင်းမွန်သော အခွင့်အလမ်းများမှ သင့်ကို ကြိုဆိုနေသောကြောင့် ASA ဂျပန်စာသင်ကျောင်းကို ယုံကြည်စွာ လှမ်းလာဖို့ ကြိုဆိုလျက်ရှိပါသည်။ သင့်ရဲ့ ယုံကြည်မှုက သင့်၏ စိတ်ကူးအိမ်မက်များကို အကောင်အထည်ဖော်ရန် ပထမဆုံး ခြေလှမ်းတစ်ခု ဖြစ်လာဖို့ လက်ကမ်း ကြိုဆိုနေပါသည်။